အမျိုးသားမျက်စိဘဏ် (ရန်ကုန်) ၌ ၂၀၂၃ တွင် မျက်ကြည်လွှာအခုရေ (၅၀) လက်ခံရရှိပြီး (၄၆) ခုကိုအစားထိုးကုသပေးနိုင်ခဲ့

0
136

အမျိုးသားမျက်စိဘဏ်(ရန်ကုန်)အနေဖြင့် ၂ဝ၂၃ ခုနှစ်အတွင်း မျက်ကြည်လွှာအလှူရှင်များထံမှ မျက်ကြည်လွှာအခုရေ (၅၀) လက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မျက်ကြည်လွှာများကို အရည်အသွေးပြည့်မီမှုရှိ၊ မရှိ၊ ရောဂါပိုးကင်းစင်မှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးနောက် မျက်ကြည်လွှာ (၄၆) ခုကို မျက်ကြည်လွှာလိုအပ်နေသော လူနာများအား အစားထိုးကုသရာတွင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ကုသပေးရာတွင် လက်ခံရရှိသော မျက်ကြည်လွှာများကို အလေအလွင့်မရှိစေရန်နှင့် မျက်ကြည်လွှာလူနာများကို ထိရောက်စွာ အစားထိုးကုသနိုင်စေရန် လိုအပ်သောအစိတ် အပိုင်းအလိုက်သာ အစားထိုးကုသမှုများဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာ ကုသတဲ့နည်းလမ်းတွေ တိုးတက်လာတော့ မျက်ကြည်လွှာရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းကိုပဲ အစားထိုးကုသလာနိုင်တဲ့အတွက် မျက်ကြည်လွှာတစ်ခုကို လူနာတစ်ဦးထက်မက အစားထိုးကုသလို့ရလာတယ်” ဟု ပါမောက္ခ ဒေါက်တာခင်ဥမ္မာခိုင်က ပြောသည်။

ရန်ကုန်မျက်စိအထူးကု ဆေးရုံကြီး၌ မျက်ကြည်လွှာလူနာများအား ကုသပေးရာတွင် မျက်ကြည်လွှာတစ်ခုလုံး အစား ထိုးရသော လူနာများရှိသကဲ့သို့ မျက်ကြည်လွှာရှေ့ခြမ်း၊ မျက်ကြည်လွှာနောက်ခြမ်း သို့မဟုတ် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းသာ အစားထိုးကုသရသောလူနာများလည်းရှိကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here