ဟူသီတို့၏ သင်္ဘောဖျက် ဒုံးကျည်သုံးစင်းကို အမေရိကန်စစ်တပ် ဖျက်ဆီးခဲ့

0
99

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်များသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသော ဧရိယာကို သောကြာနေ့က ထပ်မံတိုက်ခိုက်ခဲ့ရာ အန်ဆာအလ္လာလှုပ်ရှားမှုမှ ပိုင်ဆိုင်သည့် သင်္ဘောဖျက်ဒုံးကျည်သုံးစင်းကို အမေရိကန်တပ်များက ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာန၏ ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) က သတင်းထုတ်ပြန်ထားသည်။

“ဇန်နဝါရီ ၁၉ ရက် ဒေသ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် အမေရိကန် ဗဟိုစစ်ဌာနချုပ် တပ်ဖွဲ့များသည် တောင်ပိုင်းပင်လယ်နီထဲသို့ ပစ်မှတ်ထားသည့် ဟူသီတို့၏ သင်္ဘောဖျက်ဒုံးကျည်သုံးစင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်”ဟု၊ CENTCOM က X (ယခင် Twitter) တွင် ကြေငြာခဲ့သည်။

ဟူသီများသည် အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း စူးအက်တူးမြောင်းသို့ တင်ပို့သည့် အာရှနှင့် အရှေ့အလယ်ပိုင်းသို့ စွမ်းအင်နှင့် ကုန်တင်ကုန်ချချိတ်ဆက်သည့် အရေးပါသော စီးပွားရေးလမ်းကြောင်းကို ပစ်မှတ်ထားလျှက်ရှိသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ကျွန်ုပ်တို၏ ပြည်သူများကို ကာကွယ်ရန်နှင့် လိုအပ်သလို နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု လွတ်လပ်စွာ စီးဆင်းမှုကို ကာကွယ်ရန် နောက်ထပ် အစီအမံများကို ညွှန်ကြားရန် တုံဆိုင်းနေမည် မဟုတ်”ဟု ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။

အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာနေပြီး ဂါဇာရှိ အစ္စရေးနှင့် ဟားမတ်စ်စစ်ပွဲသည် အခြားသော အရှေ့အလယ်ပိုင်းဒေသတွင်းသို့ ထပ်မံ ယိုစိမ့်လာမည်ကို သက်ဆိုင်ရာဒေသခံများ၏ စိုးရိမ်မှုများကြားတွင် အနောက်အုပ်စု၏ တိုက်ခိုက်မှုများ ယခုကဲ့သို ပေါ်ပေါက်လာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here