လေကြောင်းလိုင်းဖြင့် လုပ်သားစေလွှတ်သူများ ထိုင်းသံရုံးတွင် ဗီဇာတောင်းခံရမည်

0
147

ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် MOU လုပ်သားစေလွှတ်မည့် အေဂျင်စီများအနေဖြင့် ထိုင်းသံရုံးတွင် ဗီဇာတောင်းခံရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထို့အပြင် လုပ်သားစေလွှတ်မည့် အေဂျင်စီများအနေဖြင့် ပုဂ္ဂလိကလေကြောင်း (သို့မဟုတ်) Charter လေကြောင်းလိုင်းဖြင့် စေလွှတ်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပုံမှန်စေလွှတ်နေသည့် ရန်ကုန် – မြဝတီ – မဲဆောက်လမ်းကြောင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လေကြောင်းမှ‌လုပ်သားစေလွှတ်ခြင်းကို သဘောတူညီမှုရရှိထားကြောင်း သိရသည်။

ထို့အပြင် အလုပ်ရှင်နှင့် အေဂျင်စီများအနေဖြင့် အလုပ်သမားခေါ်ယူမည့်ရက်ကို နှစ်ဖက်သေချာစွာညှိနှိုင်း၍ ထိုင်းအလုပ်အကိုင်ဌာနသို့ တင်ပြရမည်ဖြစ်ပြီး ထိုင်းအလုပ်အကိုင်ဌာနမှတစ်ဆင့် ဒွန်မောင်းလေဆိပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတို့သို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနသို့ လေကြောင်းလိုင်းဖြင့်စေလွှတ်မည့် အေဂျင်စီများအနေဖြင့် အနည်းဆုံး (၁ဝ) ရက် ကြိုတင် တင်ပြရမည်ဖြစ်ကာ အလုပ်သမားများ၏ (Name List)၊ လေကြောင်းလိုင်းအမည်၊ လေယာဉ်အမှတ်၊ လေယာဉ်အချိန်တို့ကိုလည်း ပြည့်စုံစွာတင်ပြရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here