ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှု (၃၀၀)ကျော်အထိရှိလာဟု ဆို

0
152

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှု (၃၀၀)ကျော်အထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ၊လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၏ ထုတ်ပြန်အသိပေးချက်အရ သိရသည်။

အဆိုပါ အရေအတွက်သည် ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃)ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုများဖြစ်ကြောင်း သိရသည်။

HDCO ၏ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ထုတ်ပြန်အသိပေးချက်အရ အရပ်သား (၈၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၂၆၀)ဦး စုစုပေါင်း (၃၄၁)ဦးရှိကြောင်း ဆိုသည်။

ယင်းအနက် သေဆုံးသူအမျိုးသား (၅၆) ဦးနှင့် သေဆုံးသူအမျိုးသမီး(၂၅) ဦး ဒဏ်ရာရရှိသူ အမျိုးသား (၁၄၀) ဦးနှင့် အမျိုးသမီး(၁၂၀) ဦးတို့ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း သေဆုံးသူ (၂၈ ) ဦး ဒဏ်ရာရသူ (၁၀၃) ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ (၂၇)ဦး ဒဏ်ရာရသူ (၆၆) ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း သေဆုံးသူ (၂၆) ဦး ဒဏ်ရာရသူ (၉၁)ဦး ရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလတ်ဝ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျော က်ဖြူ၊ ရမ်းဗြဲ တို့ရှိ ဒေသခံပြည်သူများ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here