Saturday, January 4, 2025

YBS ၁၃၃ မှ ဇန်နဝါရီ...

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက်...

BRICS ထိပ်သီးအစည်းအဝေးကြိုတင် ပြင်ဆင်ရေးကော်မတီဖွဲ့စည်း

ရီယိုဒီဂျနေးရိုးလ်၊ဇန်နဝါရီ ၃ ဘရာဇီးလ်သည် ယခုနှစ်အတွက် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမည်ဖြစ်ရာ BRICS ထိပ်သီးအစည်းအဝေးအပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် လှုပ်ရှားမှုများနှင့် စီမံချက်များအားလုံးကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း...

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ဒိုဟာ၊ဇန်နဝါရီ ၃ ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆက်သည် အစိုးရပြိုကွဲပြီးကတည်းက မော်စကို၌ ခိုလှုံနေခြင်းဖြစ်ကာ ယခုအခါ ၎င်းအား အဆိပ်ခတ်လုပ်ကြံခဲ့သည်ဟူသောသတင်းများလည်းထွက်ပေါ်လာခဲ့သည်။ The Sun သတင်းဌာန၏အဆိုအရ အသက် ၅၉...
HomeInternationalGlobe Soccer Awards...

Globe Soccer Awards ဆုပေးပွဲကျင်းပ

Globe Soccer Awards ဆုပေးပွဲကို ယမန်နေ့ညပိုင်းက ဒူဘိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဆုများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိခဲ့သူများသည် ပရိသတ်အကြိုက်နှင့် ထပ်တူကျခဲ့ကြောင်း သိရသည်။

အဓိကဆုများဖြစ်သည့် ၂၀၂၃ အတွက် အကောင်းဆုံး အမျိုးသား ကစားသမားဆုကို မန်စီးတီးတိုက်စစ်မှုး ဟာလန်း၊ ၂၀၂၃ အကောင်းဆုံးအမျိုးသမီးဆုကို ဘာစီလိုနာမှ Aitana Bonmat ကရရှိခဲ့သည်။

၂၀၂၃ ဂိုးသွင်း အများဆုံးဆု(မာရာဒိုနာဆု)၊ အရှေ့အလယ်ပိုင်း အကောင်းဆုံး ကစားသမားဆု၊ ပရိသတ်အကြိုက်ဆုံးကစားသမားဆုတို့ကို ခရစ်စ္စတီယာနို ရော်နယ်ဒိုက ရရှိခဲ့ကြောင်း သိရသည်။

အကောင်းဆုံးအသင်းဆုကို မန်စီးတီးအမျိုးသားအသင်းနှင့် ဘာစီလိုနာအမျိုးသမီးအသင်း၊ အကောင်းဆုံးအမျိုးသားနည်းပြဆုကို ဂွာဒီယိုလာ၊ အရှိန်အဟုန်မြင့် ထွန်းသစ်စလူငယ်ကစားဆုကို ဘာလင်ဂမ်၊ ကွင်းလယ်ကစားသမားဆု ရိုဒရီ၊ ဂိုးသမားဆုကို အန်ဒါဆန်နှင့် Player Career Award ဆုကို ကတ်စ်မဲရိုးတို့က ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အခြားဆုများကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS ၁၃၃ မှ ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲမည်

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း (ဂိတ်ရင်း)မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့(ဂိတ်ဖျား)အထိဖြစ်ကြောင်း သိရသည်။ ပြေးဆွဲပေးသွားမည့် လမ်းကြောင်းအနေဖြင့် အမျိုးသားကင်ဆာဆေးရုံ ဒဂုံဆိပ်ကမ်း(ဂိတ်ရင်း) မှ- ပဲခူးမြစ်- စစ်တောင်း- ယုဇနမုဒ်ဦး- ပိတောက်ကွေ့- ၅ လမ်း- ၁၁ လမ်း- ၁၄ လမ်း- ပုဏ္ဏမီ- ပဲခူးမြစ်လမ်း- အိုးအိမ်မှတ်တိုင်မှ ယခင်မူလသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဂိတ်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ် တာဝန်ယူပြီ

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက် ကောင်စီ၏လုပ်ငန်းများကိုပြန်လည်လည်ပတ်ချိန် ဖြစ်သောဇန်နဝါရီလ ၁ ရက်နေ့က တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။ ၎င်း ၅ နိုင်ငံသည် ယခင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီကွေဒေါ၊ဂျပန်၊မောလ်တာ၊မိုဇမ်ဘတ်နှင့်ဆွစ်ဇာလန်တို့နေရာ၌ အစားထိုးဝင်ရောက်လာသည့်နိုင်ငံများဖြစ်သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်သစ်များအတွက် အလံတပ်ဆင်ခြင်းဓလေ့ကို ၂၀၁၈ ခုနှစ်က ကာဇက်စတန်၌စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နူးယော့ခ်ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများကို ဝမ်းမြောက်စွာကြိုဆိုကြောင်းနှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားကာ နှစ်နှစ်တာကာလအတွင်း အကောင်းဆုံးဆောင်ရွက်သွားနိုင်ပါစေကြောင်း...

BRICS ထိပ်သီးအစည်းအဝေးကြိုတင် ပြင်ဆင်ရေးကော်မတီဖွဲ့စည်း

ရီယိုဒီဂျနေးရိုးလ်၊ဇန်နဝါရီ ၃ ဘရာဇီးလ်သည် ယခုနှစ်အတွက် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမည်ဖြစ်ရာ BRICS ထိပ်သီးအစည်းအဝေးအပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် လှုပ်ရှားမှုများနှင့် စီမံချက်များအားလုံးကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြထားသည်။ ယခုအသစ်ဖွဲ့စည်းလိုက်သောကော်မတီသည် BRICS နှင့်ပတ်သက်ဆက်စပ်သည့် စီမံချက်များနှင့်လှုပ်ရှားဆောင်ရွက်မှုများ၊ပွဲလမ်းသဘင်များအတွက် အဖွဲ့အစည်းဆိုင်ရာနှင့်ငွေကြေးဆိုင်ရာအကူအညီများ ကို ပေးအပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လတ်တလောဆုံးဖြတ်ချက်များအရ ဖေဖော်ဝါရီနှင့်ဇူလိုင်ကြားတွင် အစည်းအဝေးပေါင်း ၁၀၀ ကျော်ကို ကျင်းပပြသွားရန်ရည်ရွယ်ထားသော်လည်း BRICS ထိပ်သီးအစည်းအဝေးတစ်ခုတည်းကိုသာ ရီယိုဒီဂျနေးရိုးလ်၌ကျင်းပရန် အတည်ပြုထားကြောင်းသိရသည်။ BRICS ထိပ်သီးအစည်းအဝေးကို ရီယိုဒီဂျနေးရိုးလ်၌ကျင်းပခြင်းအားဖြင့် ရီယိုမြို့ကိုဘရာဇီးလ်၏နိုင်ငံတကာပွဲများအတွက်အချက်အခြာအဖြစ်သတ်မှတ်ပေးနိုင်မည်ဖြစ်ကာ သံခင်းတမန်ခင်းနှင့်နိုင်ငံတကာဆက်ဆံရေးကိုမြှင့်တင်ရာ၌လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းဖော်ပြထားသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071