Globe Soccer Awards ဆုပေးပွဲကျင်းပ

0
183

Globe Soccer Awards ဆုပေးပွဲကို ယမန်နေ့ညပိုင်းက ဒူဘိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဆုများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိခဲ့သူများသည် ပရိသတ်အကြိုက်နှင့် ထပ်တူကျခဲ့ကြောင်း သိရသည်။

အဓိကဆုများဖြစ်သည့် ၂၀၂၃ အတွက် အကောင်းဆုံး အမျိုးသား ကစားသမားဆုကို မန်စီးတီးတိုက်စစ်မှုး ဟာလန်း၊ ၂၀၂၃ အကောင်းဆုံးအမျိုးသမီးဆုကို ဘာစီလိုနာမှ Aitana Bonmat ကရရှိခဲ့သည်။

၂၀၂၃ ဂိုးသွင်း အများဆုံးဆု(မာရာဒိုနာဆု)၊ အရှေ့အလယ်ပိုင်း အကောင်းဆုံး ကစားသမားဆု၊ ပရိသတ်အကြိုက်ဆုံးကစားသမားဆုတို့ကို ခရစ်စ္စတီယာနို ရော်နယ်ဒိုက ရရှိခဲ့ကြောင်း သိရသည်။

အကောင်းဆုံးအသင်းဆုကို မန်စီးတီးအမျိုးသားအသင်းနှင့် ဘာစီလိုနာအမျိုးသမီးအသင်း၊ အကောင်းဆုံးအမျိုးသားနည်းပြဆုကို ဂွာဒီယိုလာ၊ အရှိန်အဟုန်မြင့် ထွန်းသစ်စလူငယ်ကစားဆုကို ဘာလင်ဂမ်၊ ကွင်းလယ်ကစားသမားဆု ရိုဒရီ၊ ဂိုးသမားဆုကို အန်ဒါဆန်နှင့် Player Career Award ဆုကို ကတ်စ်မဲရိုးတို့က ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အခြားဆုများကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here