တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

0
115

အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း တိရိစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ အသိပေးကြေညာထားသည်။

အဆိုပါ ပွဲတော်ကို ဇန်နဝါရီလ (၂၅) ရက်မှ (၂၈) ရက်အထိ (၄) ရက်တိုင်တိုင် တိရစ္ဆာန်ဥယျာဉ် အတွင်း၌ ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲတော်တွင် Music Band & Dance Performance ၊Magic Show အစီအစဉ်၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အစီအစဉ်များ၊ သားသားမီးမီးတို့အကြိုက် ဂိမ်းအစီအစဥ်များ၊ လက်ဆောင်များ ရယူနိုင်မည့် အမေးအဖြေကဏ္ဍများအပြင်၊‌ ဈေးရောင်းပွဲများလည်း ပါဝင်မည်ဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်တွင် ကလေးဘဝ ပျော်ရွှင်လွမ်းမောစရာ အမှတ် တရများ ပြန်လည်ခံစားရင်း၊ မိသားစု၊ သူငယ်ချင်းအပေါင်း အသင်းများနှင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ဖန်တီးနိုင်ရန်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here