YBS (42) နှင့် YBS (65) ယာဥ်လိုင်းများတွင် YPS QR Code အသုံးပြုနိုင်ပြီ

0
340

YBS (42) နှင့် YBS (65)ယာဥ်လိုင်းများတွင် YPS QR Code  ကို ဇန်နဝါရီလ (၁၉) ရက်မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Yangon Payment Service- YPS မှ သိရသည်။

YPS QR Code ကို အသုံးပြုရန်အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ထားရန် လိုအပ်ပြီး Google Playstore မှတဆင့် Download နိုင်ကြောင်း သိရသည်။

ထို့အပြင် YBS (42) နှင့် YBS ( 65 ) ယာဥ်လိုင်းများတွင်လည်း Download ပြုလုပ်နိုင်ရန် QR Code Sticker များကို ကပ်ပေးထားပြီးဖြစ်သည့်အတွက်  MPyps+ Application ကို ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

YPS QR Code Top Up Service အတွက် ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များ နှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်း သိရသည်။

အဆိုပါ YPS QR Code စနစ်ကို ဇန်နဝါရီလ (၁၁) ရက်တွင် YBS ယာဉ်လိုင်းYBS 131 ၊ YBS 55 နှင့် YBS 57 တို့တွင်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စမ်းသပ်အသုံးပြုနေသည့် YPS QR Code စနစ်သည် အသုံးပြုရာတွင် ​မော်ဒယ်လ်အမြင့်ဖုန်းဗားရှင်းဖြင့်သာအသုံးပြုနိုင်သည့်အတွက် အခက်အခဲများရှိနေကြောင်း ခရီးသည်များ၏ ပြောပြချက်အရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here