ရစ်ခ်ျတာစကေး ၇ ဒသမ ၁ ရှိ မြေငလျင် တရုတ်နိုင်ငံအနောက်ပိုင်းတွင် လှုပ်ခတ်

0
96

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသတွင် အင်္ဂါနေ့အစောပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဓာတ်အားလိုင်းများ ပြတ်တောက်ကာ အနည်းဆုံး နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး ရထားခရီးစဉ်များ ဆိုင်းငံ့ထားရန် အာဏာပိုင်များက စီစဉ်ခဲ့ကြောင်း ဒေသဆိုင်ရာ တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြထားသည်။

ဒေသစံတော်ချိန် နံနက် ၂ နာရီ ခန့်တွင် Aksu စီရင်စုအတွင်းတွင် လှုပ်ခတ်သွားကြောင်း တရုတ်မြေငလျင်ကွန်ရက်ဗဟိုကို ကိုးကား၍ ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။

နေအိမ်နှစ်လုံးပြိုကျခဲ့ကြောင်း Aksu အာဏာပိုင်များက ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးသမား ၂၀၀ ခန့်ကို ငလျင်လှုတ်ခတ်ခဲ့သည့် ဗဟိုချက်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV မှ ပြောကြားခဲ့သည်။ ရှင်ကျန်း ရထားအာဏာပိုင်များကလည်း ရထားခရီးစဉ် ဒါဇင်များစွာကို ဆိုင်းငံ့ထားပြီး ပျက်စီးသော လမ်းပိုင်းများကို ပိတ်ထားကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။

လူနေကျဲပါးသောဒေသဖြစ်သဖြင့် ထိခိုက်‌ေ-သဆုံးမှုသတင်းကို ယခုအချိန်အထိ မသိရသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here