မြန်မာ့မျှစ်ခြောက် တရုတ်နိုင်ငံမှ အမှာစာရရှိထားသော်လည်း ကုန်ကြမ်းမရရှိမှုကြောင့် မပို့နိုင်

0
99

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မျှစ်ခြောက်ကို တရုတ်နိုင်ငံက ဝယ်ယူလိုကြောင်း အမှာစာရရှိထားသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲ့မှ သိရသည်။

“အခုက မျှစ်ခြောက်ကို ဂျပန်နိုင်ငံကို တင်ပို့နေတာရှိတယ်။တရုတ်ကတော့ ကမ်းလှမ်းထားတာ ရှိတယ်။ ဒါပေမဲ့ ကုန်ကြမ်းအခက်အခဲကြောင့် မတင်ပို့နိုင်ဘူး”ဟုမြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံမှ မြန်မာ့မျှစ်ခြောက်တန်ချိန် ၂၀၀ ခန့်ဝယ်ယူလိုကြောင်း အမှာစာရှိသော်လည်းကုန်ကြမ်းရှားပါးမှုကြောင့် ဈေးကွက်လိုသလောက် တင်ပို့နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ လိလိမ်၊ လွှဲကြီး၊ ရေပြောင်းပြန်၊ ဂမုန်းတောင်၊ မြေမြိုတောင်၊ စောင်တောင်ကြီး၊ မဲပေါက်၊ ပင်ရဲဆို ဒေသများသည် ဝါးတောများ ပေါများ နေ ရာဖြစ်ပြီး မျှစ်အများဆုံး ထွက်ရှိရာ ဒေသများဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် မျှစ်ခြောက်များကို ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here