ပြည်မြို့တွင် အမျိုးသားတစ်ဦးဓား ခုတ်ခံရပြီး သေဆုံး

0
73

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေ ရွှေလင်ပန်းဘုရားအနောက်ဘက်၊ အောင်ရတနာရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားဖြင့် အခုတ်ခံရပြီး ရရှိဒဏ်ရာများဖြ င့် နေရာတွင်ပင် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံ လူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ဇန်နဝါရီ (၂၂) ရက်၊ ည (၉) နာရီအချိန်ခန့်က ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေ၊ ရွှေလင်ပန်း ဘုရားအနောက်ဘက်၊ အောင်ရတနာရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားဖြင့် အခုတ်ခံရပြီး ထိခိုက်ဒဏ်ရာများ ရရှိထားသည့်အတွက် ရဲတ ပ်ဖွဲ့မှ အကူညီတောင်းသဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် အသက် (၇၀) အရွယ်ရှိ အမျိုးသားမှာ ရင်ညွှန့် (၁) ချက်၊ ရင်အုံ (၃) ချက်၊ ဂျိုင်းအောက် (၂) ချက်၊ လက်မောင်း ဘယ်ညာ (၄)ချက်၊ နားနောက် (၁) ချက်၊ ပေါင် (၁)ချက် ၊ နှုတ်ခမ်း ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများလုပ်ခဲ့ကြောင်း သိရသည်။

“အရေးပေါ် လာရောက် ကူညီပေးဖို့ ဆက်သွယ်အကြောင်းကြားလို့ သွားရောက်ကူညီပို့ဆောင်ခဲ့တာပါ။ ဖြစ်စဉ်ကို မသိရသေးပါဘူး။ နယ်မြေခံ ရဲတပ်ဖွဲ့က စစ်ဆေးနေတုန်းပါ။ အဲ့ရပ်ကွက်မှာ နေထိုင်တဲ့သူပါပဲ။ အသက်က (၇၀) ဝန်းကျင်းလောက်ရှိမယ်။ ပြစ်မှုကျူးလွန်သူတွေကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေတုန်းပါ။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)က ဆိုသည်။

သေဆုံးသူ အမျိုးသားအား ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး ရင်ခွဲရုံသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီ မှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here