ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်လာမှုကြောင့် စစ်ရှောင်အရေအတွက် သိန်းနှင့်ချီရှိလာ ဟုဆို

0
73

ရခိုင်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်လာမှုကြောင့် ဒေသတွင်း စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ သိန်းနှင့်ချီ၍ ရှိလာကြောင်း ဒေသခံစစ်ရှောင်အရေးစောင့်ကြည့်လေ့လာတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စတင်ခဲ့သည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသအတွင်းရှိ ပြည်သူအမြောက်အများ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲများအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးလိုအပ်ချက်များလည်း ရှိလာကြောင်း သိရသည်။

ဒေသခံ အရပ်ဘက်လူမှုကူညီရေးအဖွဲ့များ၏ ပြောဆိုမှုများအရ ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် လက်ရှိအချိန်အထိ စစ်ရှောင်ပြည်သူစုစုပေါင်း သုံးသိန်းကျော်ဝန်း ကျင်အထိ လာပြီဖြစ်ကြောင်းသိရပြီး ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အရင်ကတော့ စားဝတ်နေရေးအတွက် စခန်းအပြင်ထွက်ပြီး အလုပ်လုပ်လို့‌ရနေပေမယ့် အခုတိုက်ပွဲတွေကြောင့် အပြင်မထွက်ရတော့ဘူး။ စခန်းထဲမှာပဲနေပြီး ရှိတဲ့ဟာလေးတွေမျှတစားနေကြတာ။ အခုစခန်းမှာ စစ်ရှောင် (၆၀၀) လောက်ရှိတယ်။ အဲ့ဒီအထဲမှာ မသန်စွမ်းတွေရော၊သက်ကြီး အဖိုးအဖွားတွေရောရှိတယ်။ နေဖို့အတွက် မပူရပေမယ့် စားဖို့နဲ့ ကျန်းမာရေးကိစ္စတွေက အရမ်းလိုအပ်နေတယ်”ဟု သက်ကယ်ပြင် ဒုက္ခသည်စခန်းရှိ တာဝန်ခံတစ်ဦးက ပြော သည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပေါက်တော၊မင်းပြား၊ကျော က်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူ အစရှိသည့် မြို့နယ်များတွင် စစ်ရှောင်အရေ အတွက် သိန်းနှင့်ချီရှိနေပြီး ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် လည်း စစ်ရေးအရှိန် မြင့်တက်လာခြင်းကြောင့် ဒေသတွင်း နေရပ်စွန့်ခွာသူအရေအတွက်မှာ နေ့စဉ်နှင့်အမျှ များပြားလာနေကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here