ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီး မတော်တဆဖြစ်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ် ရာရ

0
75

ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီး မတော်တဆဖြစ်မှုဖြစ်ပွားကာ ယာဉ်ပေါ်ပါ (၃) ဦးအနက် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၂၃) ရက်၊ နံနက် (၅)နာရီကျော်အချိန်ခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၉)မိုင်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ (၁၁)မိုင် အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊အမျိုး သမီး (၁)ဦး စုစုပေါင်း (၃)ဦးအနက် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား လှည်းကူးမြို့နယ် ကြက်ခြေနီ အသင်းမှ လူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here