ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ရှောင်ကလေးများအတွက်ကျန်းမာရေးအထောက်အကူပြု အစီအစဉ်များ ဆောင်ရွက်နေ

0
99

ထိုင်း – မြန်မာနယ်စပ် စစ်ရှောင်ကလေးများအတွက် စိတ်ပိုင်းပိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု အစီအစဉ်များ ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးအထောက်အကူပြုအဖွဲ့ (Myanmar Health Support -MHS) ထံက သိရသည်။

အဆိုပါ ကျန်းမာရေး အထောက်အကူပြု အစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ဒေသအတွင်းရှိသော ရွှေ့ပြောင်းကျောင်းများရှိ ကလေးငယ်များအား ဆောင်ရွက်ပေးနေခြ င်းဖြစ်ကြောင်း သိရသည်။

MHS ၏ အဆိုပါ အစီအစဉ်တွင် ကလေးငယ်များအား ကျန်းမာရေး အသိပညာပေးခြင်း အပါအဝင် ဂိမ်းကစားခြင်းနှင့် သီချင်းဆိုခြင်းများကိုထည့် သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

“မိသားစု စားဝတ်နေရေးကိစ္စ အပါအဝင်ပေါ့။ ပတ်ဝန်းကျင်ရဲ့မငြိမ်းချမ်းမှုတွေက ကလေးတွေကို လွှမ်းမိုးထားတယ်။ နောက်တစ်ချက်ကတော့ အလုပ်လုပ်ရင်း ကျောင်းတက်နေရတာတွေရှိတယ်။ ဒီအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင် ရာ ဖြေလျော့ပေးတဲ့ သဘောပါ “ဟု MHS ၏ ကျန်းမာရေးတာဝန်ခံ တစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင် မိဘများကိုယ်တိုင် စစ်ဘေးထပ်ရှောင်ရခြင်း၊ လက်နက်ကြီးများ ကျရောက်နိုင်သည့်အခြေအနေများအပါအဝင် စားဝတ်နေရေးအတွက်လည်း အခက်အခဲများကြုံတွေ့နေရကြောင်း ၎င်းက ထပ်မံပြောသည်။

နယ်စပ်ဒေသ စစ်ရှောင်ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ပညာသင်ကြားခွင့်အစီအစဉ်များကို ယခုနှစ်အတွင်းဆက်တိုက်ဆောင်ရွက်သွားမည့် အစီအစဉ်များရှိကြောင်း သိရသည်။

MHS ၏ ရည်မှန်းချက်သည် သုတေသနနှင့် ကျေးရွာလူထုဆက်ဆံရေးအရ စစ်ရှောင်ကလေးငယ်များ၏ အခြေခံကျန်းမာရေး အသိပညာသိရှိစေရန်နှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတို့အား မြှင်တင်ပေးရန်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – MHS


LEAVE A REPLY

Please enter your comment!
Please enter your name here