လှိုင်သာယာရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်ပွား

0
142

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက် နေ့လယ် ၁၂ နာရီ ၂၉ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၁၂ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရွှေလင်ဗန်းသီးသန့်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလက လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ၅ ရက်ကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး မီးခိုးညှော်နံ့များ ခံစားခဲ့ရကာ မီးခိုးငွေ့များကြောင့် အနီးရှိရပ်ကွက်များမှ မူလရောဂါအခံရှိသူ လေးဦးသေဆုံးခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ဖူးသည်။

ဓာတ်ပုံ – မိုးသောက်


LEAVE A REPLY

Please enter your comment!
Please enter your name here