အင်းစိန်မြို့နယ်တွင် တွဲကားတစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်း အမျိုးသား ကားခေါင်းခန်းအတွင်း ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရ

0
131

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနီးတွင် တွဲကားတစ်စီး တိမ်းမှောက်ပြီး ယာဉ်မောင်း အမျိုးသားမှာ ကားခေါင်းခန်းအတွင်း ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၂၃)ရက်၊ မွန်းလွဲ (၃)နာရီ (၄၀)မိနစ် အချိန်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအ နီးတွင် တွဲကားတစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တွဲကားတစ်စီးတိမ်းမှောက်တယ်ဆိုပြီး သတင်းအရ ကြက်ခြေနီစေတနာလုပ်အားရှင်တွေ လူနာတင်ယာဉ်တစ်စီးနဲ့ ထွ က်ခွာခဲ့ပြီး ဖြစ်စဉ်မှာ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ကားထဲညပ်နေတဲ့ အမျိုးသားတစ်ဦးကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်”ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်ကြောင့် ကား‌ခေါင်းခန်းတွင် ညပ်နေသည့် လူနာအမျိုးသားအား ညနေ (၄)နာရီကျော်အချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ပြီး မြေပြင်ရှေးဦးပြုစုမှုများပြုလုပ်ပေးကာ အင်းစိန်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here