ယီမင်ရှိ ဟူသီများကို အမေရိကန်နှင့် ဗြိတိန်တို့က တိုက်ခိုက်မှုအသစ်များ ပြုလုပ်

0
120

ယီမင်ရှိ ဟူသီပစ်မှတ်များကို အမေရိကန်နှင့် ဗြိတိန်တို့က ပူးတွဲလေကြောင်း တိုက်ခိုက်မှုအသစ်များ ဆက်တိုက်ပြုလုပ်ခဲ့သည်။

တနင်္လာနေ့က တိုက်ခိုက်မှုများသည် ဟူသီတို့၏ မြေအောက် သိုလှောင်နေရာတစ်ခု၊ ဒုံးကျည်စခန်းတစ်ခု နှင့် ထောက်လှမ်းရေးစခန်းတစ်ခု အပါအဝင် ပစ်မှတ်ရှစ်ခုကို ထိမှန်ခဲ့ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များသည် အရေးကြီးသော ပင်လယ်နီကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်သန်းသွားလာနေသည့် အစ္စရေးနှင့် အနောက်အုပ်စုတို့နှင့် ဆက်နွှယ်နေသည်ဟု ၎င်းတို့ပြောသော သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

“လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး” ကို မိမိတို့ ကာကွယ်ရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း အမေရိကန်နှင့် ဗြိတိန်တို့က ပြောသည်။

“ဟူသီ ခေါင်းဆောင်များအား ကျွန်ုပ်တို့၏သတိပေးချက်ကို ထပ်လောင်းပြောကြားပါရစေ ကမ္ဘာပေါ်ရှိ အသက်အိုးအိမ်စည်းစိမ်နှင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး စီးဆင်းမှုကို ခုခံကာကွယ်ရန် ကျွန်ုပ်တို့ တွန့်ဆုတ်နေမည်မဟုတ်ပါ”ဟု ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်သည့် အမေရိကန်နှင့် ဗြိတိန်တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here