အိန္ဒိယဘက်ခြမ်းသို့ ရောက်နေသည့် တပ်မတော်သားများအား သွားခေါ်သည့် တပ်မတော်(လေ)မှ လေယာဉ်ပြေးလမ်း ချော်မှုဖြစ်ပွား

0
170

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ တပ်မတော်သားများ သွားရောက်ခေါ်ဆောင်သည့်  တပ်မတော်(လေ)မှ လေယာဉ်တစ်စီး ယနေ့နံနက်ပိုင်းက ပြေးလမ်းခေါ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အနီးရှိ Lengpui လေဆိပ်တွင် ယနေ့နံနက် (၁၀) နာရီခွဲ၀န်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအ ခြေအနေကို မသိရကြောင်း မီဇိုရမ်အခြေစိုက် ချင်းသတင်းဌာနတစ်ခုဖြစ်သည့် ခိုနူမ်းသုန်သ တင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၇) ရက်က ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်သား (၂၇၀) ကျော် မှာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းသို့ နယ်ကျော်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ပြန်ခေါ်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ တပ်မတော်သား (၂၇၆)ဦးအနက် (၁၈၄) ဦးကို ယမန်နေ့ ဇန်နဝါရီ (၂၂) ရက်က Lengpui လေဆိပ်မှတဆင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပထမအသုတ်အနေဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် တပ်မတော်သားများအား ယနေ့ နံနက်ပိုင်းက တပ်မတော်လေမှ လေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်စဉ် Lengpui လေဆိပ်သို့အဆင်း၌ လေယာဉ်ပြေးလမ်း ချော်ကာ မတော်တဆဖြစ်ပွားခဲ့ပြီး လေယာဉ်မှာ ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here