မူးယစ်နှိမ်နင်းရေး စစ်ပွဲအပေါ် ICC ရဲ့စုံစမ်းစစ်ဆေးမှုမှာ ဖိလစ်ပိုင်က ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဟု မားကို့စ် ပြောကြား

0
164

သမ္မတဟောင်း လက်ထက်က ဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံချက်တစ်ခုအပေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့မရှိဘူးလို့ လက်ရှိ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အင်္ဂါနေ့ (ဇန်နဝါရီ ၂၃) မှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ တရားရုံးအနေနဲ့ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ ထပ်လောင်းပြောကြားပြီး နိုင်ငံမှာ ICC စုံစမ်းရေးမှူးတွေရဲ့ တည်ရှိမှုကို အစိုးရက စောင့်ကြည့်နေကြောင်းနဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အကူ အညီမပေးဖို့ ဋ္ဌာနဆိုင်ရာတွေကို အမိန့်ထုတ်ထားကြောင်း မားကို့စ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါဟာ မိမိတို့ရဲ့ အချုပ်အခြာကို ခြိမ်းခြောက်မှုလို့ ယူဆတာကြောင့် ဖိလစ်ပိုင်အစိုးရအနေနဲ့ ICC က ဆောင်ရွက်တဲ့ ဘယ်လိုစုံစမ်းစစ်ဆေးမှုကိုမျှ အကူအညီပေးဖို့ ရှိမှာမဟုတ်ပါဘူးလို့ မားကို့စ်က ပြောဆိုပါတယ်။ ICC စုံးစမ်းရေးမှူးတွေအနေနဲ့ သာမန်လူတွေလို လာရောက်လည်ပတ်နိုင်ပေမယ့် အစိုးရကတော့ သူတို့ကို အကူအညီပေးမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

လူ ထောင်ချီသေဆုံးခဲ့တဲ့ တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းမှု စီမံချက်အပေါ် တရားရုံးရဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်နဲ့ပတ်သက်ပြီး သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက မေးခွန်းထုတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာ တရားရုံး အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ယင်းနုတ်ထွက်မှုဟာ ၂၀၁၉ ခုနှစ်မှာ အကျုံးဝင်ခဲ့ကြောင်း သိရပါတယ်။

မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုအား ရပ်တန့်ဖို့ ပြီးခဲ့တဲ့နှစ်မှာ မနီလာက အယူခံဝင်ခဲ့ပြီး ဒါကို ICC က ပယ်ချခဲ့ကာ သတ်ဖြတ်ခဲ့မှုတွေအပေါ် စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုမိန့်ပေးခဲ့ပါတယ်။

Ref: ဂျာကာတာပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here