၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ အွန်လိုင်းလိမ် လည်မှု အမှုပေါင်း (၄၈၂) မှု ရှိခဲ့

0
123

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အွန်လို င်းမှ လိမ်လည်မှု အမှုပေါင်း (၄၈၂)မှု ရှိခဲ့ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က နေပြည်တော်တွင် ပြုလုပ်သည့်ပွဲတစ်ခု၌ပြောသည်။

မိုဘိုင်းငွေပေးချေမှု လမ်း ကြောင်းများမှတဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် လူမှုရေး၊ စီးပွားရေးတို့တွင် Social Media များမှတဆင့် Online အသုံးပြုမှုများ များပြားလာသည်နှင့်အမျှ Online စနစ်၏ လုံခြုံရေးကို သိရှိနားလည်ထားရန် လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ပါဝင်ပတ်သက် နေသည့် ငွေကြေးလိမ်လည်မှုများလည်း ဖြစ်ပွားနေပြီး Social Media များမှတဆင့်ချိတ်ဆက်၍ ရင်းနှီးမှုရယူကာ တန်ဖိုးကြီးဥစ္စာပစ္စည်းများ ပေးပို့ဟန်ဆောင်ပြီး ဆွဲဆောင်လိမ်လည်‌နေကြပြီး အဆိုပါ လိမ်လည်မှုတွင်ပါဝင်သည့် နိုင်ဂျီးရီးယားနိုင်ငံသား (၂၃) ဦး၊ ထိုင်းနိုင်ငံသား (၁) ဦးနှင့် မြန်မာနိုင်ငံသား (၅၉) ဦးကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည် မှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက် ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင် ရာ လုပ်ထုံးလုပ်နည်းများ (SOP) များကို ထုတ်ပြန်ခဲ့ပြီးဖြစ် ပြီး အဆိုပါ ညွှန်ကြားချက်များနှင့်အညီ မိုဘိုင်းငွေရေး ကြေးရေး လိမ်လည်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် မိုဘိုင်းငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းပြီး အများပြည်သူသို့ အသိပညာပေးရန်ကိစ္စရပ်များ၊ သက်ဆိုင်ရာကဏ္ဍအ လိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ ကြုံ တွေ့နေရသည့် အခက်အခဲများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြ င်းဖြင့် မသမာသူများက လိမ်လည်မှုများ ကျူးလွန်သည့်နေ ရာတွင် မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများကို အသုံးပြုလာမှုအပေါ် နည်းပညာမြှင့်တင်ကာကွယ်ပေးနိုင်ရန် ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်နှင့်
မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများကို အသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်ကို တိုင်ကြားလာပါက ဆောင်ရွက်ရမည့် စံလုပ်ငန်း စဉ်များဆိုင်ရာ လမ်းညွှန်ချက် (SOP) များအတိုင်း လိုက်နာဆောင်ရွက်၍ ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှု မြန်ဆန်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (Action Task Force) ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့်လည်း မိမိ၏ငွေကြေးများကို လိမ်လည်မှုမခံရစေရေး မိမိတို့ကိုယ်တိုင်ကာကွယ်ရန်နှင့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here