ရှမ်းပြည်နယ် အထူးဒေသ (၁) အတွင်း ပုဂ္ဂလိက ဝယ်ယူထားသည့် လက်နက်ခဲယမ်းများ အပ်နှံကြရန် အသိပေးနှိုးဆော်

0
198

ရှမ်းပြည်နယ် အထူးဒေသ(၁) အတွင်း လက်နက်ခဲယမ်းထိန်းချုပ်မှုစည်းကမ်းအရ ပုဂ္ဂလိက ဝယ်ယူထားသော လက်နက်ခဲယမ်းများအား လာမည့် ဖေဖော်ဝါရီလ (၅)ရက် နော က်ဆုံးထား၍ လာ‌ရောက်အပ်နှံကြရန် အထူးဒေသ(၁)စစ်ရေးအုပ်ချုပ်မှုကော်မတီက ဇန်နဝါရီ (၂၃)ရက်တွင် အသိပေးထားသည်။

လက်နက်ခဲယမ်းထိန်းသိမ်းရေး စည်းကမ်းသတ်မှတ်ခြင်းအ‌နေဖြင့် ရှမ်းပြည်နယ်၊ အထူးဒေသ(၁)စစ်ရေးအုပ်ချုပ်မှုကော်မတီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်၊ စာအမှတ်၂၀၂၄/စခ/၇ အရ အသိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အထူးဒေသ (၁)အတွင်း ပုဂ္ဂလိက လက်နက်ခဲယမ်းကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုကို ဥပဒေနှင့်အညီ တားမြစ်ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများကို မိမိတို့ အသိစိတ်ဖြင့် လာရောက်အပ်နှံကြရန် အသိပေးထားသည်။

ထို့ကြောင့် လက်နက်ခဲယမ်းများကို ဖုံးဝှက်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် လွှဲပြောင်းပေးခြင်းများ မပြုလုပ်ကြရန်နှင့် လက် နက်ခဲယမ်းထိန်းချုပ်မှု စည်းကမ်းပိုမိုအားကောင်းလာစေရန်နှင့် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ရေးထားဖော်ပြထားသည်။

သတ်မှတ်ကာလအတွင်း လာရောက်အပ်နှံခြင်းမရှိပါက ဖုံးဝှက်ထားသော လက်နက်ခဲယမ်းများအဖြစ် မှတ်ယူပြီး ဥပဒေနှင့်အညီ အရေးယူမည်ဟုလည်း ဆိုသည်။

ထို့အပြင် အထူးဒေသ(၁)အတွင်း လက်နက်ခဲယမ်းရောင်းဝယ်မှု လုံးဝမပြုလုပ်ရန်နှင့် တွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

အထူးဒေသ(၁)၏ လက်နက်ခဲယမ်းထိန်းချုပ်မှု စည်းကမ်းအရ လက်နက်ခဲယမ်း လက်ခံရန်ဌာနအနေဖြင့် ဒေသအသီးသီးရှိ ဒေသအုပ်ချုပ်ရေးအဖွဲ့သို့လည်းကောင်း၊ လောက်ကိုင်မြို့အတွင်းရှိ လက်နက်ခဲယမ်းများကို ကိုးကန့်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူရန် အထူးဒေသ(၁)စစ်ရေးအုပ်ချုပ်မှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here