အင်းစိန်မြို့နယ် (၁၄)လမ်းဆုံ မီးပွိုင့်အနီးတွင် ယာဉ်နှစ်စီး တိုက်မိပြီး အမျိုသား (၃) ဦး ထိခို က်ဒဏ်ရာရ

0
175

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပုလဲလမ်းမကြီး၊ (၁၄)လမ်းဆုံ မီးပွိုင့်အနီးတွင် အိမ်စီးကားနှင့် အငှားယာဉ်တို့ တိုက်မိမှုဖြစ်ပွားရာ ခရီးသည်အမျိုသား(၂)ဦးနှင့် ယာဉ်မော င်းတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအ ဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၂၃) ရက်၊ ည (၁၀)နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တွဲလက်လူမှုကူညီရေးအဖွဲ့မှ အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းကြား သိရလို့ ရုံးအဖွဲ့က အ ခင်းဖြစ်ပွားရာကို သွားရောက်တာပေါ့နော်။ ALPHARD နဲ့ တက္ကဆီနဲ့ မတော်တဆ တိုက်မိတာ။ တက္ကဆီပေါ်က ယာဉ် မောင်းရယ်၊ ခရီးသည် (၂) ဦးရယ် ဒဏ်ရာရတယ်ပေါ့။”ဟု ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် တွဲလက်လူမှုကူညီရေးရုံးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အငှားယာဉ်ပေါ်တွင် ပါရှိသော ယာဘဉ်မောင်း (၁)ဦး၊ ခရီးသည် အမျိုးသား (၂)ဦးမှာ ပွှန်းပဲ့ ထိ ခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး မြေပြင် ရှေးဦးပြုစုပေးကာ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ (၂၃)ရက် နေ့လယ် (၃)နာရီ၊ (၄၀)မိနစ် အ ချိန်ခန့်ကလည်း အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနီးတွင် တွဲကားတစ်စီးတိမ်းမှောက်ခဲ့ပြီးယာ ဉ်မောင်း အမျိုးသားမှာ ကားခေါင်းခန်းအတွင်း ညပ်နေသ ဖြင့် ကယ်ထုတ်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here