ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လက်ယက်ဆန်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(သန်လျင်)အနီးတွင် ကတ္တရာပုံးများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
ယနေ့ ဇန်နဝါရီ (၂၄) ရက် နံနက် (၁၁)နာရီ (၂၅) မိနစ်အချိန်ခန့်က နည်းပညာတက္ကသိုလ် (သန်လျင်)အနီးတွင် ကတ္တရာပုံးများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ရာ နံနက် (၁၁)နာရီ (၃၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။