နောင်ချိုတွင် HYUNDAI PORTER II ကားပေါ်မှ ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
164

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် HYUNDAI PORTER II ကားပေါ်မှ ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ (၂၁) ရက် နေ့ လယ် (၂) နာရီ (၄၅)မိနစ်ခန့်က သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မကျီးရေ ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ထွယ်ဆန်အောင် မောင်းနှင်လာသည့် HYUNDAI PORTER II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရှာဖွေရာယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၂၀၀၀)နှင့် လက်ကို င်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

ထို့ကြောင့် ထွယ်ဆန်အောင် (၂၇) နှစ်အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here