သံလွင်မြစ်အတွင်း ရေနစ်ပျောက်ဆုံးနေသူ (၂) ဦးကို ယနေ့အထိ ရှာဖွေမတွေ့ရှိသေး

0
185

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအနီးရှိ သံလွင်မြစ်အတွင်း၌ ယခုရက်ပိုင်းအတွင်း ရေနစ်ပျောက်ဆုံးသူ (၂) ဦးရှိပြီး ယနေ့အထိ ပြန်မတွေ့သေးကြောင်း ကရင် ပြည်နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (RESCUE D IVER TEAM)က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရေနစ်ပျောက်ဆုံးနေသူ (၂) ဦးမှာ အသက် (၂၀) ကျော်အရွယ် အလုပ်သမား တစ်ဦးနှင့် အသက်(၁၅)နှစ်အရွယ်ကျောင်းသားတစ်ဦး ဖြစ်ပြီး ယနေ့ ဇန်နဝါရီ (၂၄)ရက်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ရပ်လိုက်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် မြန်မာနိုင်ငံ လူမှုကယ်ဆ ယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အသက် (၂၀) ကျော် အမျိုးသားသည် ဇန်နဝါရီ(၂၁)ရက်က ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အသက် (၁၅) နှစ် အရွယ် ကျောင်းသားမှာ ဇန်နဝါရီလ (၂၃) ရက် နေ့လယ်ပိုင်းတွင် ထပ်မံ၍ ရေနစ်ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသူများအား ကရင်ပြည်နယ် RES CUE DIVER TEAM အဖွဲ့က (၃)နာရီကြာ ရှာဖွေခဲ့သော်လ ည်း ယနေ့အချိန်အထိ ရှာဖွေတွေ့ရှိသေးခြင်း မရှိသေးကြော င်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ ရှာဖွေမှုကို ရပ်လိုက်ပါပြီ။ သဲလွင်မြစ်က ရေစီးအရမ်းသန်တာကြောင့် တွေ့ဖို့ မလွယ်လောက်ဘူးလို့ထင်ပါတယ်”ဟု RESCUE DIVER TEAM သတင်းပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here