ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၃၈ သိန်းကျော်အထိ မြင့်တက်လာ

0
131

ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ငွေလဲလှယ်နှုန်းမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးပါ တစ်ကျပ်သားလျှင် ၃၈ သိန်းကျော်အထိ မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်တစ်ပါတ်ဈေးကွက် အပိတ်ဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးသည် ၂၀၃၀ ဒေါ်လာဖြစ်ပြီး ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ၃၇ သိန်းကျော်သာရှိခဲ့ပြီး ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ဈေးကွက်အဖွင့်ဈေးအရ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၅ ဒေါ်လာဖြစ်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၈ သိန်းကျော်အထိမြင့်တက်လာခဲ့သလို ငွေလဲနှုန်းသည်လည်းတစ် ဒေါ်လာ ၃၄၉၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသ ည်။

ရွှေဈေးနှုန်းမြင့်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အရောင်းများနေကြောင်း ရန်ကုန်တိုင်းရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here