အာဆီယံ – ပရာ့ဂ်ကော်မတီနှင့် ချက်နိုင်ငံ၏ အင်ဒိုပစိဖိတ်ဆိုင်ရာ အထူးကိုယ်စားလှယ်တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး

0
118

အာဆီယံ – ပရာ့ဂ်ကော်မတီနှင့် ချက်နိုင်ငံ၏ အင်ဒိုပစိဖိတ်ဆိုင်ရာ အထူးကိုယ်စားလှယ်တို့ အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ ပရာ့ဂ်မြို့မှ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံရုံးအကြီး အကဲများနှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒိုပစိဖိတ်ဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Milan Hupcej တို့အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေနွေးပွဲကို ဇန်နဝါရီ (၂ ၂) ရက်၊ နေ့လယ် (၁၂)နာရီ (၃၀)မိနစ်တွင် အာဆီယံ-ပရာ့ဂ် ကော်မတီ၏ လက်ရှိ ဥက္ကဋ္ဌ မလေးရှားသံအမတ်ကြီး၏ နေ အိမ်၌ ကျင်းပခဲ့ရာ၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါက်တာ ထွန်းနောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၄ ခုနှစ်အတွင်း ချက်နိုင် ငံ၏ အင်ဒိုပစိဖိတ်ဆိုင်ရာ မူဝါဒများ အကောင်အထည် ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အလိုက် စီမံကိန်းများ၊ လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် လေ့လာသုံးသပ်နေမှု၊ ဒေသတွင်းနိုင်ငံများနှင့် အလုပ်သဘောနှင့် နိုင်ငံခေါ င်းဆောင်အဆင့် ခရီးစဉ်များ အပြန်အလှန်ဆောင်ရွက်နိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here