မရမ်းကုန်းတွင် ကားခိုးခံရသည့်ကားကို အရှေ့ဒဂုံရှိ ကားဝပ်ရှော့တွင် ဖျက်ဆီးရောင်းချထားသည့် အနေအထားဖြင့် ပြန်တွေ့

0
285

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ဗဟိုလမ်းတွင် ကားခိုးယူပြီး ကား၏ အစိတ်အပိုင်းများအား ဖြုတ်၍ ရောင်းချခဲ့သူ (၂) ဦးနှင့် ခိုးယူခံရသည့်ကားကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့ နယ်၊ (၁၆) ရပ်ကွက်ရှိ ကားဝပ် ရှော့တစ်ခုတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ (၁၉) ရက်၊ နံနံက် (၃)နာရီခန့်က မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်၊ ဗဟိုလမ်းတွင် ကားခိုးယူ ခံရမှုဖြစ်ပွားခဲ့၍ ကာယကံရှင်ဖြစ်သူမှ မရမ်းကုန်းမြို့မ ရဲစခန်းသို့ အကြောင်းကြား အမှုဖွင့်ကာ လူမှုကွန်ရက် စာမျက်နှာတွင်လည်း အကူညီတောင်းခံခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် ကားအားလိုက်လံရှာဖွေရာ ဇန်နဝါရီ (၂ ၃) ရက်တွင် ဒဂုံအရှေ့(၁၆)ရပ်ကွက်၊ ကုန်းဘောင်လမ်းနှင့် အနော်ရထာလမ်းကွေ့ရှိ “အငယ်လေး” ဆေးဘော်ဒီ ကားဝပ် ရှော့၌ ပျောက်ဆုံးနေသည့် ကားအားတွေ့ရှိကြောင်းသတင်း အရ မရမ်းကုန်းမြိုမရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဝင်ရောက်ရှာဖွေရာတွင် ခိုးယူခံရသည့်ကားအား ပုံပါအတိုင်း ဖျက်ဆီးရောင်းချထားသည်ကို တွေ့ရှိရသဖြင့် ကားလာရောက်အပ်နှံသူကို စုံစမ်းပြီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်းကားအားခိုးယူသူများမှ ကားတစ်စီးဖြင့် ဆွဲယူသွားပြီး ယခုလို ဝပ်ရှော့အား အပ်နှံ၍ ပစ္စည်းများ ဖြုတ်ယူပြီး ရောင်းချခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဆက်လက်စစ် ဆေး အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သူ (၂)ဦးမှာ ထူးအောင်ကျော်(ခ) သားကြီး (၄၉)နှစ် (ဘ)ဦးလှထွန်း ပညာဝတီရိပ်သာ ပညာရေးဝန်ထ မ်းအိမ်ယာလိုင်းခန်း လှိုင်မြို့နယ်နှင့် မင်းကျော်ဇင်(ခ)မင်းမင်း(၄၇)နှစ်(ဘ)ဦးမြင့်စိန် မ/၈၁ အောင်လံလမ်း (၉၀) ရပ် ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here