စီရော်နယ်လ်ဒို၏ ဒဏ်ရာကြောင့် Al Nassr အသင်း၏ တရုတ်ခြေစမ်းပွဲများ‌ ရွေ့ဆိုင်း

0
121

Al Nassr အသင်း၏ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ၏ ဒဏ်ရာကြောင့် တရုတ်ခြေစမ်းပွဲများ‌ ရွေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

Al Nassr အသင်းကစားသမားများသည် တရုတ်နိုင်ငံတွင် ခြေစမ်းပွဲ (၂) ပွဲကစားရန် တရုတ်နိုင်ငံအထိ ရောက်ရှိခဲ့သော်လည်း စီရော်နယ်လ်ဒို၏ ဒဏ်ရာအခြေအနေမှာ သက်သာလာခြင်းမရှိသည့်အတွက် ဇန်နဝါရီ (၂၄) ရက်နှင့် (၂၈) တွင်ကစားမည့် ပွဲစဥ်များအားရွေ့ဆိုင်းလိုက်ပြီး ပွဲစဉ်ဇယားအသစ်ကို ပြန်ကြေငြာပေးမည်ဟု Al Nassr အသင်းဘက်မှ သတင်းထုတ်ပြန်ထားသည်။

“ကျနော်ဒီကို လာရတာပျော်တယ်။ ဒီမှာခင်ဗျားတို့အတွက် ကစားချင်တယ်။ တရုတ်ပရိသတ်တွေကို ကျနော်တောင်းပန်ချင်ပါတယ်။ တရုတ်ကိုအရင်ကလည်း ကျွန်တော်ရောက်ဖူးပါတယ်။ တရုတ်က ကျနော့်အတွက် ဒုတိယအိမ်လိုပါပဲ။ ကျနော်တို့ ပွဲတွေဖျက်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ပြန်လာခဲ့မှာပါ” ဟု စီရော်နယ်ဒိုက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တရုတ်ရှိ ပရိသတ်များအား တောင်းပန်ခဲ့သည်။

ပွဲစဥ်ရွေ့ဆိုင်းမှုအပေါ် တရုတ်ပရိသတ်အချို့ကလည်း ဒေါ သထွက်ခဲ့ကြပြီး ပွဲစီစဉ်သူများဘက်မှ ပရိသတ်များ၏ ကွ င်းဝင်ကြေး၊ လေယာဉ်ခနှင့် ဟိုတယ်အခန်းခများကို ပြန်ပေးသွားမည်ဟုဆိုသည်။

Al Nassr အသင်းသည် ဖေဖာ်ဝါရီလ (၂)ရက်တွင် မက်ဆီကစားနေသည့် Inter Miami အသင်းနှင့် ခြေစမ်းပွဲ ကစားရန်ရှိနေပြီး ယင်းပွဲတွင် စီရော်နယ်လ်ဒို ပြန်လည်ကစားနိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here