ရွှေဘိုမြို့နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တလာဘသာမိအန္တိမအဂ္ဂိစျာပနကျင်းပ

0
178

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၃) ရပ်ကွက်ရှိမဟာဝိသုတာရာမ အသင်းကျောင်းတိုက် ဦးစီးပဓါန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တလာဘသာမိ(ဂန္တဝါစကပဏ္ဍိတ) သက်တော်(၈၉)နှစ်၊ သိက္ခာ(၆၉)ဝါရှိ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပနကို အဆိုပါကျောင်းတွင်ဇန် နဝါရီလ (၂၄) ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

အန္တိမအဂ္ဂိစျာပနသို့ မဟန ဆရာတော်အမှူးပြုသောသံဃာ တော်များ၊ တပည့်ရဟန်းသံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆွေတော်မျိုးတော်များ၊ တပည့်ဒါယကာ၊ဒါယိ ကာမများ တက်ရောက်သည်။

အန္တိမအဂ္ဂိစျာပနကို နမောတဿသုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ ဖွင့်လှစ်ပြီး မှန်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ၊ သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်မြတ် ရွတ်ပွားသရဇ္ဇျာယ်တော်မူကြသည်။

ဆက်လက်၍ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ဒါယိကာမများမှ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းကြပြီး မှန်သာကျောင်းတို က်ဆရာတော် ဘဒ္ဒန္တဝိသုတမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပေးပို့ဆက်ကပ်သော သံဝေဂဥာဏ်ပွားတော်မူကြော င်းမှတ်တမ်းတင်သဝဏ်လွှာကို ဖတ်ကြားလျှောက်ထားခဲ့သည်။

ထို့နောက် သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မှ သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ပေးပို့ဆက်ကပ်သော ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဖတ်ကြားလျှောက်ထားပြီး မှန်သာကျောင်းတိုက်ဆရာတော်မှ လှူဒါန်းမှု အစုစုတို့အား အနုမောဒနာတရားဟောကြားချီးမြှင့်၍ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အနိစ္စ၀ရသင်္ခါရ အစချီသော သံဝေဂဂါထာရွတ် ဆို၍ ပထမပိုင်း အခမ်းအနားရုပ်သိမ်းကာ ဒုတိယပိုင်း ဈာ ပန အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here