မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

0
153

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Nong Rong တို့ တွေ့ဆုံကာ မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

အာဆီယံ အထူးကိုယ်စားနှင့် တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ ဇန်နဝါရီ (၂၂) ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် တရုတ် – အာဆီယံ ဆက်ဆံရေး၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ အခြေအနေနှင့် အပြန်အလှန် အကျိုး စီးပွားကိစ္စရပ်များကို နှစ်ဖက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်မှာ ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဇန်နဝါရီ (၁၀) ရက်က လာရောက်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၇)ဖွဲ့၊ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here