သီပေါတွင် ဒေသခံနှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးခြေထောက်ပြတ် ဒဏ်ရာရရှိ

0
129

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့ နယ်၊ တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားတောလမ်းအတွင်း ယမန်နေ့ ဇန်နဝါရီ (၂ ၃) ရက် ညနေပိုင်းအချိန်၌ ဒေသခံနှစ်ဦး မိုင်းနင်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းနင်းမိသည့် ဖြစ်စဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားဖြစ်သူမှာ ခြေထောက်တစ်ဖက်ပြတ်ဒဏ်ရာ ရရှိခဲ့ကာ အမျိုးသမီးဖြစ်သူမှာ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိခဲ့သည်ဟု နယ်စည်းမခြားပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“သီပေါဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲလိုက်ရပါတယ်။  မနေ့က ညနေ သီပေါက သွားတာဆိုတော့ အခုလမ်းမှာဘဲရှိနေဦးမှာပါ။ လမ်းကအရင်လမ်းမဟုတ်ဘဲ အခြားလမ်းကသွားရတာဆိုတော့လေ။ အခြေအနေဘာဆက်ဖြစ်တယ်ဆိုတာမသိရသေးပါဘူး”ဟု ၎င်း ကဆိုသည်။

အလားတူ ဇန်နဝါရီလ(၂၂)ရက်မွန်းလွဲပိုင်းအချိန်တွင်လည်း သီပေါမြို့နယ် ၊ မိုးတေကျေးရွာ တံတားအနီးတွင် အမျိုး သားတစ်ဦးမိုင်းထိခဲ့သဖြင် သီပေါဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here