မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ်တွင် ယာဉ်တိုက်ခံရ၍ စက်ဘီးနင်းလာသူ အသက် (၂၀)အရွယ် အမျိုးသား တစ်ဦး အသက်ဆုံးရှုံး

0
122

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆) ရပ် ကွက်၊ ပြည်လမ်းမပေါ်တွင် စက်ဘီးနင်းလာသည့် အမျိုး သားတစ်ဦးကို ယာဉ်တစ်စီးမှ ဝင်တိုက်မိခဲ့သည့်အတွက် စ က်ဘီးနင်းလာသူ အသက် (၂၀)အရွယ် အမျိုးသားအသက်ဆုံးရှုံးခဲ့ရကြောင်း ရွှေရောင်သမိုင်းလူမှုကူညီ‌ရေးအသင်းမှ သိရသည်။ 

ဇန်နဝါရီ (၂၄) ရက်၊ ညနေ (၃)နာရီ (၁၅)မိနစ် အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ်တွင် စက်ဘီးနင်းလာသ ည့်သူအား ယာဉ်တစ်စီးက ဝင်တိုက်မိမြီး ဒဏ်ရာအပြင်းအ ထန်ရရှိထားကြောင်း အနီးဝန်းကျင်ရှိသူ တစ်ဦးက ရွှေရောင်သမိုင်းလူအှုကူညီအသင်းရုံးသို့ ဖုန်းဖြင့် ဆက်သွယ် အ ကြောင်းကြားသည့်အတွက် သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သတင်းရလို့ ဖြစ်စဉ်နေရာကို သွားရောက်ခဲ့တာပါ။ ကုန်မြင့်သာအနီး သီရိမာလာ လမ်းထိပ်လို့ ပြောရင်တော့ ပိုနီးစပ်တာပေါ့။ စက်ဘီးစီးလာတဲ့ အသက် (၂၀) အ ရွယ် အမျိုးသားကို တိုက်မိတာပေါ့။ ယာဉ်မောင်းရော ကားရော ဖြစ်စဉ်နေရာမှာရှိပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအ ပြည့်နဲ့ သူတို့ရှိနေပါတယ်။ စက်ဘီးသမားကတော့ တိုက်မိတဲ့အရှိန်ကြောင့် ကတ္တရာလမ်းပေါ်ကျပြီး ပြင်းထန်တဲ့ ဒဏ် ရာနဲ့ အသက်ဆုံးရှုံးသွားပါတယ်ဗျ”ဟု ရွှေရောင်သမိုင်းအ သင်းမှ တာဝန်ရှိသူက ပြောသည်။ 

ဖြစ်စဉ်နေရာသို့ ရွှေရောင်သမိုင်းအသင်းမှ တာဝန်ကျ အသ င်းဝင်များက လူနာတင်ယာဉ် (၁)စီး၊ အထောက်အကူပြုယာ ဉ်(၁)စီးတို့ဖြင့် အချိန်နှင့် တစ်ပြေးညီ ထွက်ခွာကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ပြင်းထန်စွာထိခိုက်ဒ ဏ်ရာရရှိသည့် စက်ဘီးနင်းလာသူ အမျိုးသားမှာ  အသက်ဆုံးရှုံးခဲ့ရသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

ဇန်နဝါရီ (၂၄)ရက်၊ နံနက်အစောပိုင်း (၅)နာရီ (၁၀)မိနစ်အ ချိန်ခန့်ကလည်း လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘုရားလမ်းမှတ်တိုင်အနီးတွင် အမျိးသား တစ်ဦးကို ယာဉ်တစ်စီးမှ တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရွှေ ရောင်သမိုင်းအသင်းမှ သွားရောက်ကူညီခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here