မြောက်ကိုရီးယားသည် ပင်လယ်ဝါအတွင်းသို့ ခရုဇ်ဒုံးကျည်များပစ်လွှတ်ခဲ့သည်ဟုဆို

0
131

ဆိုးလ်၊ဇန်နဝါရီ ၂၄

မြောက်ကိုရီးယားသည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပင်လယ်ဝါအတွင်းသို့ ခရုဇ်ဒုံးကျည်ပေါင်းများပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

ပြုံယမ်းသည် ယခုနှစ်ဆန်းပိုင်းကာလအတွင်း၌ပင် ရေအောက်နျူစနစ်စမ်းသပ်ခြင်းအပါအဝင် လောင်စာအခဲသုံး မြန်နှုန်းမြင့်ပဲ့ထိန်းဒုံးကျည်စနစ်များကိုလည်းစမ်းသပ်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ယခုနောက်ဆုံးစမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားတို့အကြား ပြင်းထန်သည့်လုံခြုံရေးအခြေအနေများကြောင့် တောင်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်း၌ အထူးတပ်ဖွဲ့ဝင်များဖြင့် ၁၀ ရက်ကြာ လေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း ပေါ်ပေါက်လာခြင်းလည်းဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် တောင်ကိုရီးယားနှင့်ရင်ကြားစေ့ရေးအစီအစဉ်အား ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ဘဲ တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏အဓိကကျသောရန်သူအဖြစ်သတ်မှတ်ကာ မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါပြင်ဆင်ရန်ညွှန်ကြားခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးကမူ မြောက်ကိုရီးယားအနေဖြင့် ယခုကဲ့သို့ အမြဲစစ်တပြင်ပြင်လုပ်ပြီး တိုက်ခိုက်ဖို့ချည်းတာဆူနေပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ၎င်း၏အစိုးရအားလက်လွှတ်လိုက်ရလိမ့်မည်ဟုတုံ့ပြန်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here