မွန်ဂိုလီးယား၌ သဘာဝဓာတ်ငွေ့ကားတိမ်းမှောက်ရာမှ ပေါက်ကွဲ၊ ၆ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရ

0
104

အူလန်ဘက်တာ၊ဇန်နဝါရီ ၂၄

မွန်ဂိုလီးယားနိုင်ငံ၏မြို့တော် အူလန်ဘက်တာ၌ ယနေ့ဇန်နဝါရီလ  ၂၄ ရက်နေ့က သဘာဝဓာတ်ငွေ့ ရည်တန် ၆၀ တင်ဆောင်လာသည့် ယာဉ်တစ်စီးသည် အခြားယာဉ်တစ်စီးနှင့်တိုက်မိရာမှ သဘာဝဓာတ်ငွေ့များပေါက်ကွဲမှုကြောင့် ၆ ဦးသေဆုံးကာ ၁၄ ဦးထိခိုက်ဒဏ်ရာများရခဲ့ကြကြောင်းသိရသည်။

အဆိုပါမတော်တဆမှုကြောင့် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ပထမဆုံးအနေဖြင့် ၃ ဦးသာသေဆုံးခဲ့သော်လည်း ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုအားငြှိမ်းသတ်နိုင်ရန်ကြိုးပမ်းနေစဉ် နောက်ထပ်မီးသတ်သမား ၃ ဦးသေဆုံးကာ ကျန်ဒဏ်ရာရသူ ၁၄ ဦးကိုလည်း ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။

ဒဏ်ရာရသူ ၁၄ ဦးတွင် ၁၀ ဦးမှာ မီးလောင်ကျွမ်းမှုကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး ကလေးငယ်တစ်ဦးသည် အဆိပ်မိသကဲ့သို့ဖြစ်နေသဖြင့်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်လသားအရွယ်ကလေးငယ်များကိုမူ လိုအပ်သည့်ပြုစုစောင့်ရှောက်မှုများပြုလုပ်ပေးရန် ဆေးရုံသို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။

ယခုပေါက်ကွဲမှုဖြစ်စဉ်နှင့်အနီးတစ်ဝိုက်ရှိပြည်သူများအား ဘေးလွတ်ရာသို့ယာယီပြောင်းရွှေ့ပေးထားသည်ဟုလည်းသိရသည်။ ယခုမတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ရသည့် မီးသတ်သမားများနှင့်ပြည်သူများ၏မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းမိကြောင်းလည်း မွန်ဂိုလီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဥရောပသမဂ္ဂ၏သံတမန်တို့ကလည်း အသီးသီးထုတ်ပြန်ကြေငြာခဲ့ကြသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ် 

Photo credit to Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here