ယူကရိန်းက တရုတ်သမ္မတအား ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ဖိတ်ကြား

0
152
China's President Xi Jinping speaks during the introduction of members of the Chinese Communist Party's new Politburo Standing Committee, the nation's top decision-making body, to the media in the Great Hall of the People in Beijing on October 23, 2022. (Photo by Noel CELIS / AFP)

ကိဗ်၊ဇန်နဝါရီ ၂၆

ယူကရိန်းသည် ရုရှား၏ထိုးစစ် နှစ်နှစ်နီးပါးရောက်လာချိန်၌ ဆွစ်ဇာလန်တွင်ကျင်းပရန်စီစဉ်ထားသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ တရုတ်သမ္မတရှီအား ဖိတ်ကြားထားကြောင်း သမ္မတဇလန်းစကီး၏ထိပ်တန်းအကြံပေးပုဂ္ဂိုလ်ကပြောကြားခဲ့သည်။

တရုတ်သည် ရုရှားနှင့်ရင်းနှီးသောဆက်ဆံရေးရှိပြီး ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုအား ရှုံ့ချဝေဖန်ခြင်းမရှိခဲ့ပေ။ သို့သော် အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းအား ၎င်းတို့၏အချုပ်အခြာအာဏာအပေါ်လေးစားသင့်သည်ဟုဆိုခဲ့ပြီး ရုရှား – ယူကရိန်းအရေး၌ ကြားဝင်စေ့စပ်သူအဖြစ်ညှိနှိုင်းဆောင်ရွက်ရန်လည်းကမ်းလှမ်းခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်တဲ့ ဒီထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတရှီကိုဖိတ်ကြားလိုပါတယ်၊တရုတ်နိုင်ငံရဲ့ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတာမို့လို့ပါ” ဟုလည်း၎င်းကဆိုခဲ့သည်။

တရုတ်သမ္မတရှီနှင့်ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် ရုရှားက ယူကရိန်း ကိုထိုးစစ်မဆင်မီ သုံးပတ်အလို၌ပင် နှစ်နိုင်ငံအကြား အကန့်အသတ်မရှိသော ချစ်ကြည်ရင်းနှီးမှုအား ထုတ်ဖော်ကြေငြာခဲ့ပြီး ထိုအချိန်မှစ၍လည်း ရုရှား၏တရုတ်သို့စွမ်းအင်တင်ပို့မှုမှာလည်း သိသိသာသာတိုးမြင့်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဆော်ဒီအာရေးဗျ၌ ယူကရိန်းအရေးနှင့်ပတ်သက်ပြီးကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသို့ ပေကျင်းဘက်မှကိုယ်စားလှယ်တစ်ဦးတက်ရောက်ခဲ့ပြီး သမ္မတရှီနှင့် သမ္မတဇလန်းစကီးတို့သည်လည်း ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြသေးသည်။

ယင်းနောက်တရုတ်သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင်ရေးဆွဲထားသည့် အချက် ၁၂ ချက်ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်အားရေးဆွဲကမ်းလှမ်းခဲ့ပြီး ယင်းအစီအစဉ်၌ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန်တောင်းဆိုထားသော်လည်း ရုရှားသိမ်းယူထားသည့် ယူကရိန်းနယ်မြေအားလုံးမှ ရုရှားတပ်များဆုတ်ခွာပေးရန်ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိခဲ့ပေ။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here