မြို့သာစက်မှု ဥယျာဉ်မြို့တော်တွင် EV ကားစက်ရုံများ ရင်းနှီးမြှုပ်နှံမှုပြုရန် ဆွေးနွေးနေ

0
142

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန် မြို့နယ်ရှိ မြို့သာစက်မှု ဥယျာဉ်မြို့တော်တွင် EV ကားစက်ရုံများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း Mandalay Myotha Industrial Development Public Co., Ltd. မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Mandalay Myotha Industrial Development Public Co., Ltd. တို့ပူးပေါင်းဆောင်ရွက်သော အဆိုပါ စက်မှုဇုန်စီမံကိန်းတွင် နိုင်ငံပေါင်း (၉)နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် စက်ရုံပေါင်း (၂ဝ) ကျော်ရှိကြောင်း သိရသည်။

လက်ရှိတွင် EV ကားထုတ်လုပ်သည့် စက်ရုံများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသလို၂ဝ၂၅ ခုနှစ်တွင်လည်း စက်ရုံ (၂၃)ရုံ ထပ်မံကာ လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း မြို့သာစက်မှု ဥယျာဉ်မြို့တော်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များအား ဖိတ်ခေါ်လျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရန်လည်း အသိပေးထားသည်။

ယင်း မြို့သာစက်မှုဇုန်သည် ကုန်းလမ်း ၊ ရေလမ်း ၊ လေကြောင်း လမ်းဆုံရာတွင်တည်ရှိကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂ဝ၁၂ ခုနှစ်တွင် ခွင့်ပြုမိန့်ထုတ်ပေးထားသည့် စက်မှုဇုန်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၉၈ ဘီလျံခန့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ဝ၈ သန်းပါဝင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here