ရန်ကုန်ပညာရေးတက္ကသိုလ်၏ (၂၆) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

0
123

ရန်ကုန်ပညာရေး တက္ကသိုလ်၏ (၂၆) ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲကို ဇန်နဝါရီ (၂၇) ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတစ်ဝန်းရှိ ကျောင်းသားကျောင်းသူဟောင်းများက ပူးပေါင်းပါဝင်စီစဉ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း ရန်ကုပညာရေး တက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများထံမှ သိရသည်။

အခမ်းအနားသို့ ဆရာကြီး ဆရာမကြီးများစုံသလောက် တက်ရောက်ခဲ့ကြသည်ကိုလည်းတွေ့ရပြီး ယခုကဲ့သို့စည်ကားစွာကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ယူကြောင်းလည်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်သူတစ်ဦးက မုဒိတာစကား ပြောကြားထားသည်။ပူဇော်ပွဲသို့ ကျန်းမာရေးအရမကြွရောက်နိုင်သောကန်တော့ခံ ပုဂ္ဂိုလ်များထံသို့လည်း ကျင်းပရေးကော်မတီက သွားရောက်ဂါရဝပြုခဲ့ကြသည်။ကျောင်းသားဟောင်းများကစုပေါင်းလှူဒါန်းကြရာတွင်ကျောင်းသူဟောင်းတစ်ဦးက သိန်း ၃၀၀ မတည်လှူဒါန်းခဲ့သဖြင့် ကန်တော့ခံ ပုဂ္ဂိုလ်များအား တစ်ဦးလျှင် ၅သိန်း အပြင် အပတ်စဥ်လိုက် ကန်တော့ခြင်းများပါရှိသည်။

ရန်ကုန် ပညာရေး တက္ကသိုလ်၏ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကြီး (၁၉၉၆) ခုနှစ်တွင် စတင်၍ စုစည်း ညီညာစွာဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Photos- KOTS, AK


LEAVE A REPLY

Please enter your comment!
Please enter your name here