ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ လာရောက်သည့် ခရီးသွားများထံမှ ပြတိုက်ဝင်ကြေး ၃၈ သန်းကျော်ရရှိထား

0
141

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ လာရောက်သည့် ပြည်တွင်းပြည်ပ ခရီးသွားများထံမှ ပြတိုက်ဝင်ကြေး ငွေကျပ် (၃၈,၅၂၆,၀၀၀) ကောက်ခံရရှိထားကြောင်းရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံမှ သိရသည်။

ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်စေရန် ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းခရီးသွား (၈၃၄၃၃) ဦး၊ ပြည်ပနိုင်ငံသား၊(၃၂၈)ဦးဝင်ရောက်ခဲ့ပြီး၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ ပြည်ပနိုင်ငံသား ၁၂၃ ဦးဝင် ရောက်ခဲ့ကာ ယခုဘဏ္ဍာနှစ်အတွက်လက်ရှိ ပြတိုက် ဝင်ကြေး (၃၈၅၂၆၀၀၀)ကျပ် ကောက်ခံရရှိထားခြင်းဖြစ်သည်။

ပုဂံရှေးဟောင်း သုတေသန ပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာခွဲ) ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက် လေ့လာသည့် ဇုန်ဝင်ကြေးကိုလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁) ရက်မှစတင်ကာ ပြည်ပဧည့်သည်တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှင့် ပြည်တွင်းဧည့်သည်တစ်ဦးလျှင် ၁၀၀၀ ကျပ်သို့ တိုးမြင့်ကောက်ခံနေကြောင်း သိရသည်။

ပြတိုက်သို့ (၁၀)နှစ်အောက် ကလေးငယ်များ၊ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့အား အခမဲ့ဝင်ရောက်ခွင့် ပြုပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here