ထိုင်ဝမ်ကျွန်းတစ်ဝိုက်၌ တရုတ်စစ်လေယာဉ် ၃၃ စင်းတွေ့ရှိခဲ့ဟုထိုင်ဝမ်ဆို

0
137
This handout taken on August 19, 2023 and released on August 20 by Taiwan's Ministry of National Defense shows a Taiwanese navy sailor monitoring a Chinese navy warship (background C) at sea. China held air and sea drills around Taiwan on August 19, in what it said was a "stern warning" after the island's vice president visited the United States. (Photo by Handout / Taiwan's Ministry of National Defense / AFP)

တိုင်ပေ၊ဇန်နဝါရီ ၂၇

ထိုင်ဝမ်၌ ရွေးကောက်ပွဲပြီးကတည်းက အကြီးဆုံးစစ်အင်အားပြသမှုအနေဖြင့် တရုတ်လေယာဉ်အစီး ၃၀ ကျော်အား ထိုင်ဝမ်ကျွန်းတစ်ဝိုက်၌ တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

တရုတ်သည်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်ရောက်ရှိစေရန် လိုအပ်ပါက အင်အားသုံးသိမ်းယူမည်ဟုလည်းဆိုထားသည်။

ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီကလည်း တရုတ်သည်ထိုင်ဝမ်ပြည်သူများအနေဖြင့် ယခုရွေးကောက်ပွဲမှတစ်ဆင့် စစ်နှင့်ငြိမ်းချမ်းရေးကိုရွေးရမည်ဖြစ်ကြောင်းဆိုခဲ့သည်။

ထိုအချိန်က ထိုင်ဝမ်အာဏာရပါတီ DPP ၏ဒုတိယသမ္မတ လိုင်ချင်တီအား တရုတ်က အန္တရာယ်ရှိသောခွဲထွက်ရေးသမားဟုယူဆထားသဖြင့် ယခုကဲ့သို့ပြောကြားခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲ၌မူ မစ္စတာလိုင်ချင်တီသာအနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။

ယခုတစ်ကြိမ်တရုတ်၏ စစ်အင်အားပြသမှု၌ ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၃၃ စီးနှင့် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်လှည့်လည်နေသည့် တရုတ်စစ်သင်္ဘော ၇ စီးလည်းပါဝင်ကြောင်းသိရသည်။

ရွေးကောက်ခံသမ္မတလိုင်နှင့် ၎င်း၏ရွေးကောက်ခံမိတ်ဖက်ဖြစ်သူ ရှောက်ဘိုင်ခင် တို့အားတွေ့ဆုံရန် အမေရိကန်လွှတ်တော်အမတ်နှစ်ဦး တိုင်ပေသို့လာရောက်ပြီးနောက် ယခုကဲ့သို့ အင်အားပြလာခြင်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here