လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်နှင့်ပင်လယ်ရေကြောင်းကုန်သွယ်မှု ယခင်နှစ်ထက်​လျော့နည်းနေ

0
220

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၇ ဒသမ ၁၃ ဘီလီယံ ရရှိထားပြီး ယခင်နှစ်ထက် ၁ ဒသမ ၄၃ ဘီလီယံကျော် လျှော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပသို့တင်ပို့မှုတွင် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇ ဒသမ ၁၃ ဘီလီယံရရှိထားပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈ ဒသမ ၅၇ ဘီလီယံကျော်ရရှိခဲ့သည့်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

သွင်းကုန်တင်သွင်းမှုကို ကန်ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံကျော် ဆောင်ရွက်ထားပြီး ယခင်နှစ် အလားတူကာလတွင် ၁၁ ဒသမ ၉၆ ဘီလီယံကျော် ဆောင်ရွက်ထားသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁ ဒသမ ၂၉ ဘီလီယံကျော် လျော့နည်းဆောင်ရွက်ထားခြင်း ဖြစ်သည်။

နယ်စပ်ကုန်သွယ်မှုတွင်လည်း ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄ ဒသမ ၃၈ ဘီလီယံကျော်နှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၂ ဒသမ ၁၄ ဘီလီယံကျော် ဆောင်ရွက်ထားပြီးကာလတူ နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၄၅၄ ဒသမ ၈၄၂ သန်းလျော့ကျနေပြီး သွင်းကုန်တင်သွင်းမှုသည် ကန်ဒေါ်လာ ၃၈၃ ဒသမ ၁၇၀ သန်းတိုးလာကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

နယ်စပ်ကုန်သွယ်ရေး‌လမ်းကြောင်းသည် နယ်မြေမတည်ငြိမ်မှုများကြောင့် ကုန်သည်အများစုသည် တင်ပို့မှု ရပ်နားထာသည့်အတွက် ကုန်သွယ်မှုကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလီယံ၊ ကုန်သွယ်မှုတန်ဖိုးဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ၂၀၂၃ – ၂ ၀၂၄ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here