ထိုင်ဝမ်လွတ်လပ်ရေးနှင့်ပတ်သက်၍ ကန်ထိပ်တန်းအရာရှိအား တရုတ်နိုင်ငံခြားရေးဝန်ကြီးသတိပေး

0
247

ပေကျင်း၊ဇန်နဝါရီ ၂၇

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိသည် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာဂျိတ်ခ်ဆူလဗန်နှင့် ဘန်ကောက်၌တွေ့ဆုံဆွေးနွေးစဉ် ထိုင်ဝမ်လွတ်လပ်ရေးနှင့်ပတ်သက်ပြီး သတိပေးစကားဆိုခဲ့ကြောင်းသိရသည်။

မစ္စတာဝမ်က ပေကျင်းနှင့်ဝါရှင်တန်ဆက်ဆံရေးတွင် ထိုင်ဝမ်သည် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုဖြစ်ရာ အမေရိကအနေဖြင့် ထိုင်ဝမ်နှင့်ပတ်သက်သည့် ပြဿနာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်တိုက်တွန်းခဲ့သည်။

အိမ်ဖြူတော်ကမူ ဆူလဗန်သည် မစ္စတာဝမ်နှင့်ရေလက်ကြားဖြတ်ကျော်ပြဿနာများကို ဆွေးနွေးခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းရန် အရေးကြီးကြောင်း ကို အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက မီးမောင်းထိုးပြခဲ့သည်ဟုဆိုသည်။

ကွန်မြူနစ်စနစ်ကျင့်သုံးသူ တရုတ်ပြည်မသည် ဒီမိုကရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်နှင့် ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်ကြောင့်ကွဲကွာသွားခဲ့ခြင်းလည်းဖြစ်သည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here