မြန်မာအစိုးရက အာဆီယံနိုင်ငံခြား‌ရေးဝန်ကြီးများအစည်းအဝေးသို့ ကိုယ်စားလှယ်တစ်ဦးစေလွှတ်မည်ဟု သတင်းထွက်​ပေါ်​

0
185

လွမ်ပရာဘန်၊ဇန်နဝါရီ ၂၈

မြန်မာအစိုးရအနေဖြင့် လာအိုနိုင်ငံ၌ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် အကြီးတန်းအရာရှိတစ်ဦးအား စေလွှတ်ရန်ရည်ရွယ်ထားကြောင်း သံတမန်သတင်းရင်းမြစ်များက ဇန်နဝါရီလ ၂၈ ရက်တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ယခုကဲ့သို့စေလွှတ်ခြင်းသည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံ့အာဏာ ကို ထိန်းသိမ်းခဲ့ခြင်း၏ သုံးနှစ်မြောက်နှစ်ပတ်လည်နေ့မတိုင်မီတွင်ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်များက အာဆီယံအဆင့်မြင့်အစည်းအဝေးများသို့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့်ပြုရန် ၂၀၂၁ ခုနှစ်၊အောက်တိုဘာလက ဆုံးဖြတ်ခဲ့သဖြင့် မြန်မာအစိုးရကလည်း အာဆီယံ၏ဝန်ကြီးအဆင့်အစည်းအဝေးများကို တက်ရောက် ခြင်းမပြုဘဲသပိတ်မှောက်ခဲ့သည်။

အစောပိုင်း‌၌ နစကအစိုးရက နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ရန်ကြိုးပမ်းခဲ့သော်လည်း အချို့သော အာဆီယံနိုင်ငံများက ကန့်ကွက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်တွင်လာအိုက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးနောက်၌မူ မြန်မာအစိုးရနှင့်ပြန်လည်ဆက်သွယ်ရန်လိုလားလျက်ရှိကြောင်းလည်းသိရသည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here