အစ္စရေးတိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးသူ ၂၆,၅၀၀ နီးပါးရှိလာကြောင်း ပါလက်စတိုင်းဆို

0
159

အောက်တိုဘာ ၇ ရက်မှ စတင်၍ ဂါဇာကမ်းမြှောင်ကို အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးသူ ၂၆,၅၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ‌ေ-သဆုံးသူ အရေအတွက်ဟာ ၂၆,၄၂၂ ဦးအထိ တိုးလာခဲ့ပြီး အခြားသူ ၆၅,၀၈၇ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက Telegram ချန်နယ်တွင် ကြေငြာချက်တစ်ခု၌ ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ “လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၁၆၅ ဦးထက်မနည်း‌ေ-သဆုံးပြီး ၂၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း”သိရသည်။

ဂါဇာကမ်းမြှောင်အခြေစိုက် ဟားမတ်စ် အဖွဲ့က အစ္စရေးပိုင်နက်အတွင်း အံ့အားသင့်ဖွယ် ကျုးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် အောက်တိုဘာ ၇ ရက်နေ့မှ စတင်ကာ တင်းမာမှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်တို့က ၎င်းတို့၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ဟောင်းရှိ ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီအပေါ် အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံ့ပြန်မှုအဖြစ် ဆိုခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကိုပါ ဗုံးကြဲတိုက်ခိုက်ကာ ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်တို့ကို မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ဂါဇာ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here