One Championship ရွှေခါးပတ် ပြန်လည်ဆွတ်ခူးရန် အဆင်သင့်ဖြစ်နေပြီဆိုသည့် အောင်လအန်ဆန်

0
149

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် One Championship ရွှေခါးပတ် ပြန်လည်ဆွတ်ခူးရန် အဆင်သင့်ဖြစ်နေပြီဟု ယနေ့ အသိပေးလာသည်။

“One Championship ဟာ ကျွန်တော်ရဲ့ MMA ခရီးလမ်းကို စတင် လျှောက်လှမ်းခဲ့တဲ့ နေရာဖြစ်ပြီး ကျွန်တော်ရဲ့ ပြီးဆုံးမယ့် ပန်းတိုင်နေရာလည်းဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ ရွှေခါးပတ် ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက် ကျွန်တော် အဆင်သင့်ပဲဗျာ၊ ဘုရားသခင်ရဲ့ လမ်းညွှန်မှု၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုအတွက် အမြဲကျေးဇူးတင်ပါတယ်” ဟု အန်လအန်ဆန်သည်ယင်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အောင်လအန်ဆန်သည် One Championship တွင် သူ့၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေပြီး Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်ကြိုးစားနေသည်ဟုလည်း သိရသည်။

အောင်လအန်ဆန်သည် One Championship တွင်သူ့၏ ကမ္ဘာ့ချန်ပီယံခါးပတ်များလက်လွတ်ခဲ့ရပြီး နောက် ၅ ပွဲ ယှဥ်ပြိုင်ရာတွင် ၁ ပွဲရှုံးနိမ့်ထားပြီး ၄ ပွဲအနိုင်ရရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here