TGL-6 တွင် သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ ပူးတွဲသရေရလဒ်သာထွက်ပေါ်

0
188

နိုင်ငံတကာအဆင့်မီ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး TGL-6 ခေါင်တွဲဆိုင်းဖြစ်သည့် သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ပွဲစဥ်တွင် သရေရလဒ်သာထွက်ပေါ်ခဲ့ကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့သည် The Great Lethwei (TGL – 6) တွင် ခေါင်တွဲဆိုင်းအဖြစ် ယှဥ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်ပြီး (၅) ချီပြည့်သည့်အထိ အရှုံးအနိုင်မပေါ်ခဲ့သည့်အတွက် သရေရလဒ်သာထွက်ပေါ်ခဲ့ပြီး သွေးသစ်ဝင်းလှိုင်သည် The Great Lethwei ၏ လက်ရှိချန်ပီယံ ဂုဏ်ပုဒ်ကို ကာကွယ်နိုင်ခဲ့သည်။

အနာဂတ် မြန်မာပြည်ချန်ပီယံအဖြစ်ထင်ကြေးပေးခံထားရသည့် ကျော်စွာဝင်းသည်လည်း ရိုးရာလက်ဝှေ့ ပထမတန်းမှ ရှုံးပွဲမရှိ စံချိန်ကိုထိန်းထားနိုင်ခဲ့ပြီး ဒဏ်ရာကင်းအောင်ကစားနိုင်သည့် သွေးသစ်ဝင်းလှိုင်ကို ယနေ့တွင် အကွဲဒဏ်ရာပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါ ပြိုင်ပွဲ၏ TGL-6 ဒုခေါင်တွဲဆိုင်းတွင် စိန်လုံးချောနှင့် မိုးထက်အောင်တို့ ၆၃.၅-၆၇ကီလို (ဝယ်လ်တာဝိတ်တန်း) ပြိုင်ပွဲတွင် ယှဥ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်ပြီး ဒုတိယအချီတွင် မိုးထက်အောင်က အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အခြားတွဲဆိုင်းများတွင် စောဂျွန်၊ အာရှနဂါး၊ စောသန်းစိုး၊ ညိုနိုင်ဝင်း၊ ဆလိုင်းထန်ခွီးရှိန် နှင့် ကျားရိုင်းတို့က အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်နှင့် ကျော်စွာဝင်းတို့ သည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလက ပထမအကြိမ် တွေ့ဆုံရာတွင် ငါးချီထိုးသ-တ်မှုအပြီး အရှုံးအနိုင်မပေါ်သည့် အတွက် ပူးတွဲသရေကျခဲ့ပြီး နိုင်ငံတကာအဆင့်မီ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး TGL-6 တွင်လည်း ဒုတိယအကြိမ် ထပ်မံ ယှဉ်ပြိုင်ထိုးသ-တ်ရာတွင်လည်း ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here