SKYNET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဥ်များတွင် လိပ်သုံးကောင်အသင်းနှင့် Apple အသင်းတို့ ပထမဆုများရရှိ

0
196

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲချုပ်က ကြီးမှူးပြီး SKYNET ကစီစဥ်ကျင်းပသည့် 2024 SKYNET ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲစဥ်များကို ဇန်နဝါရီ (၂၈) ရက် ညပိုင်းက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ (၂၁) ရက် မှ (၂၈) ရက်အထိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်တွင် ခေတ်ကျောင်းသား အသင်းနှင့် လိပ်သုံးကောင်အသင်း၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်တွင် ကျောင်းဆရာအသင်းနှင့် လိပ်သုံးကောင်အသင်း၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဥ်တွင် Huamei Myanmar နှင့် Apple အသင်းတို့ ယှဥ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုကို လိပ်သုံးကောင်အသင်း၊ ဒုတိယဆုကို ခေတ်ကျောင်းသား၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုကို လိပ်သုံးကောင်အသင်း၊ ဒုတိယဆုကို ကျောင်းဆရာအသင်း၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ပထမဆုကို Apple အသင်း ဒုတိယဆုကို Huamei Myanmar အသင်းတို့က ရရှိခဲ့ကြောင်း သိရသည်။

SKYNET ဖိတ်ခေါ်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး ဗိုလ်လုပွဲနေ့တွင် ရိုးရာခြင်းလုံး ဆီးဂိမ်းစ် အမျိုးသမီး ရွှေတံဆိပ်ဆုရှင် မေဖူးဟန် ၏ လှလှပပ တပင်တိုင် အလှပြကစားကွက်များ၊ ဆီးဂိမ်းစ် အမျိုးသားရွှေတံဆိပ် ချန်ပီယံဆုရှင်များဖြစ်သည့် အောင်နိုင်ဖြိုး၊ ဇော်လင်းမောင်တို့၏ ခြင်းအလှပြ ကစားကွက်များဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here