ကွန်ခိုက် ယာယီချောင်းကူးတံတားပေါ် ခရီးသည်တင်ကားတစ်စီး ဘီးချော်မှုဖြစ်ပွား

0
187

သီပေါမှ လားရှိုး သို့ ဒေသတွင်း သွားလာရန် ယာယီဆောက်လုပ်ထားသော ကွန်ခိုက်တံတားပေါ်တွင် ယမန်နေ့ ဇန်နဝါရီ (၂၈)ရက်က ခရီးသည်တင်ယာဉ်တစ်စီး ဘီးချော်မှု တစ်ခုဖြစ်ပွားခဲ့ရြောင်းသိရသည်။

အဆိုပါ ကွန်ခိုက်တံတားအား ယမန်နေ့ ဇန်နဝါရီ(၂၇)က စတင်ဖွင့်လှစ်ပေးခဲ့ရာ၊ ဒုတိယမြောက်နေ့တွင် ထိုသို့ ဘီးချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တံတားက သတ်မှတ်ထားတဲ့ ခံနိုင်ဝန်ကားတွေ သွားလို့ရတယ်။ အခုဟာ က ဘီးချော်တာပေါ့။ ကားသမားလိုအပ်ချက်လည်းပါမယ်ထင်ပါတယ်။ လူအထိအခိုက်မရှိပါဘူး။ လမ်းတော့ နည်းနည်ပိတ်သွားတာပေါ့။”ဟု ဒေသခံတစ်ဉီး ဆိုသည်။

ဘီးချော်မှုဖြစ်ပွားခဲခြင်းကြောင့် သီပေါ -လားရှိုး သွားလာမည့် ယာဉ်အချို့ အချိန်အနည်းငယ်အကြာ ယာဉ်ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။

ကွန်ခိုက်တံတားဖြတ်သန်းရာတွင် မကျွမ်းကျင်သော ယာဉ်မောင်းများအတွက် လမ်းပြတစ်ဉီးနှင့် ကိုယ်စားမောင်းနှင်ပေးနိုင်သူ ထားသင့်ကြောင့် အဆိုပါဖြစ်စဉ်ကို ထောက်ရှု၍ ဒေသခံနောက် ထပ်တစ်ဦးကလည်းဆိုသည်။

“အချို့ကားသမားတွေက ကားသာမောင်းတတ်တာ။ ဘီးတစ်ဘီးစာမောင်းရမယ့်လမ်းဆိုရင် အကွာအဝေး အလျားအနံကို မချိန်တတ်တော့ဘူး။ အဲ့ဒါပြဿနာ။ သူ့ကြောင့် အချိန်နဲ့သွားလာရမယ့်လမ်းမှာ အားလုံးပိတ်ကုန်တာပေါ့။ ပုံမှန်ကားပျက်တာကိုမပြောလိုပါဘူး။ “ဟု ဝေဖန်ပြောဆိုသည်။

အဆိုပါ ကွန်ခိုက်တံတားသည် သီ​ပေါဘက်မှလာပါက စဥ့်အင်တံတားအနီးမှ ညာဘက်လမ်းအတိုင်း (၁၅) မိနစ်ခန့် မောင်းနှင်ရပြီး၊ လား ရှိုးဘက်မှ လာပါက စဥ့်အင်ရွာအဝင် ဘယ်ဘက်သို့(၁၅)မိနစ်ခန့် ​မောင်းနှင်လျှင် ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းအတွင်း ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်က ဖြစ် ပွားခဲ့သော တိုက်ပွဲကြောင့် သီပေ့ါ- လား ရှိုး ဆက်သွယ်ထားသော ပြည်ထောင် စုလမ်းမပေါ်ရှိ စဉ့်အင်တံတားမှာ ကျိုးကျပျက်ဆီးခဲ့ရပြီး၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ကာ အခက် အခဲများဖြစ်ပေါ်ခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here