တစ်လအတွင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား တစ်သိန်းကျော်ဝင်ရော က်ခဲ့

0
264

ယခု ဇန်နဝါရီလအတွင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီသို့ ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြကြောင်း စေတီတော်ဘဏ္ဍာထိန်း ဂေါပက အဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ဖူးမြော်နေကြခြင်း ဖြစ်သည်။

ယင်းသို့ လာရောက်ဖူးမြှော်ရာတွင် စနေ၊ တနင်္ဂနွေ ရုံးပိတ် ရက်များ၌ ဘုရားဖူးဦးရေ ပိုမိုလာရောက်ပြီး လည်ပတ်ဖူးမြော်ကြကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုး၊ ဂေါပကအဖွဲ့ရုံးမှ သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ၂၀၂၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်အထိပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၃၀၁၅၃၄ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ (၂၆) ရက်အထိပြည်တွင်းခရီးသွား ၂၉၄၉၉၄ ဦး၊ ပြည်ပခရီးသွား ၆၅၄၀ ဦးလာရောက်လည်ပတ်ခဲ့ပြီး ထိုင်းနိုင်ငံမှအများဆုံးလာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

နေ့စဉ် တောင်တက်မော်တော်ယာဉ် အစီးရေ (၁၅၀) ဖြင့် ဝန်ဆောင်မှုပေးနေပြီး သတ်မှတ်ယာဉ်စီးခနှုန်းထားနှင့်သတ် မှတ်လူဦး‌ရေကို အလွယ်တကူလိုက်ပါ စီးနင်းနိုင်ရန် စီမံပေးထားကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူစနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ နှစ်စဉ်ကျင်းပလေ့ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here