ကလေးမြို့တွင် ကာလပေါက်ဈေး ငွေကျပ် သိန်း ၃၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

0
181

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ယာဉ်တစ်စီးပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၃၃၀၀ တန်ဖိုးရှိဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ စိန့်ဂျွန်းလမ်းတွင် ဇန်နဝါရီ (၂၆) ရက်၊ နံနက် (၁၀)နာရီအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ထန်သင်လွယ်(ခ)အားလွယ် မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာ အိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို ဒေသကာလပေါက်ဈေးတန် ဖိုးငွေကျပ်သိန်း ၃၃၀၀နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ထန်သင်လွယ်(ခ)အားလွယ် (၃၃) နှစ်အား က လေးမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here